![]() | martali |
|
prevnextfirstlast 12
ငယ်ငယ်ကအီစွတ်ပုံပြင်များဆိုပြီး ခုနှစ်တန်းအင်္ဂလိပ်ဖတ်စာအုပ်မှာ သင်ခဲ့ရတဲ့ မြေခွေးနဲ့စပျစ်သီး ပုံပြင်ကို မှတ်မိကြဦး မှာပါ၊ စပျစ်သီးစားချင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီး ခူးပေမယ့် သူမမှီတဲ့နေရာမှာ ရှိနေတဲ့ စပျစ်ခိုင်ကို ဘယ်လိုမှ ခူးမရတဲ့အဆုံး ဒီစပျစ်သီးဟာ စားကောင်းမယ့်ပုံမပေါ်ပါဘူး ချဉ်စုပ်နေမှာပါလို့ ပြောပြီးထွက်သွားတဲ့ မြေခွေး တစ်ကောင်အကြောင်းလေ၊ ဒီပုံပြင်လေးက ဘာကိုသင်ခန်းစာပေးခဲ့ပါသလဲ တွေးမိခဲ့တာကတော့......
ဒီမြေခွေးဟာ စပျစ်သီးစားချင်လွန်းလို့ ခူးတာပါ ဘယ်လိုပဲကြိုးစားပြီးခူးပေမယ့် ခူးလို့မရခဲ့တော့ သူအရမ်းစိတ်ဆင်းရဲ ရှာမှာပါ၊ ခင်ဗျားတို့ ကျွန်တော်တို့တွေ သိပ်ကိုလိုချင်ပြီး ကိုယ်လိုချင်တဲ့အရာကိုမရတဲ့အခါ စိတ်အနှောက်အယှက်ဖြစ် စိတ်ဆင်းရဲရတာကို ကြုံဖူးတဲ့သူတွေ ကြုံဖူးကြမှာပါ၊ လိုချင်တက်မက်တဲ့ စိတ်ပိုများလေလေ စိတ်ခံစားမှု ပိုလေလေ ပါပဲ၊ ဟုတ်ပါတယ်နော် ဒါဆို မြေခွေးကို ကိုယ်ချင်းစာလို့ရပါပြီ၊ဘယ်လောက်စိတ်ထိခိုက်ခံစားခဲ့ရမလဲ ဒီခံစားမှုဝေဒနာကို သက်သာအောင် သူဘယ်လိုလုပ်မလဲ ဒီစပျစ်သီးအပေါ် တက်မက်နေတဲ့စိတ် ဒီစပျစ်သီးကိုမှ စားချင်နေတဲ့စိတ်ကို ဖြေဖျောက်နိုင်မှ စိတ်သက်သာရာရမှာပါ၊
ဒါဆိုလျှင် ရှင်းပါတယ် ကျွန်တော်သာဆိုလျှင်တော့ ဒီထက်မက ပတ်ပတ်စက်စက်ပြောပြီးမှ စပျစ်ပင်ကို ကျောခိုင်းမှာပါ၊ အရွယ်ရောက်လာမှ ဒီပုံပြင်လေးကို ပြန်စဉ်းစားမိပြီး ရခဲ့တဲ့ သင်ခန်းစာက တရားနဲ့ ဖြေနိုင်တဲ့ဟာမျိုးမှာလည်း တရားနဲ့ဖြေမှာပါ၊ တရားနဲ့ မဖြေနိုင်တဲ့ အခါမျိုးမှာတော့ ပုံပြင်ထဲကမြေခွေးလိုမျိုး စပျစ်သီးချဉ်တယ် ပြောသင့်လျှင်လည်းပြောမှာပါပဲ၊ လက်တွေ့ဘ၀မှာ စပျစ်သီးချဉ်တယ်လို့ ပြောလာတဲ့လူစားမျိုးကို တွေ့လာခဲ့လျှင်လည်း အဲဒီလူကို ကိုယ်ချင်းစာပေးဖို့ အရင်ဆုံးကြိုးစားမှာပါ၊
ဒီတော့မိတ်ဆွေတို့အားလုံးလည်း စပျစ်သီးချဉ်တယ်ဆိုတဲ့ ပုံပြင်လေးကို ပြန်ရှာပြီးဖတ်ကြည့်ကြပါဦး၊ တွေးမိ သတိထားမိတဲ့ အချက်ကလေးတွေရှိလျှင်လည်း ပြောပြပါဦးလို့ ဖိတ်ခေါ်ပါတယ်၊

လွန်ခဲ့သောသုံးရက်ကမိတ်ဆွေတစ်ယောက်ဆုံးသဖြင့်ထိုမိတ်ဆွေ၏အိမ်သို့သတင်း
သွားမေးဖြစ်သည်။
`အဲဒီနေ့ညက သူ အရက်တွေတအားကြီးမူးလာတယ်၊ထမင်းတောင်မစားနိုင်ဘူးအိပ်
ယာထဲကိုတန်းဝင်သွားတာ´
`မနက်မိုးလင်းတော့အိပ်ယာကမထတာနဲ့သွားနှိုးတော့ အသက်ကုန်နေတာတွေ့ရ
တာပဲရှင်´ဟုမိတ်ဆွေ၏ညီမဖြစ်သူကမျက်ရည်လေးဝဲတဲဝဲတဲ နှင့်ပြောပြရှာသည်။
ထိုမိတ်ဆွေသည်ဆုံးပါးချိန်တွင်အသက်၃၅နှစ်သာရှိသေးသည်၊စိတ်မကောင်းဖြစ်မိ
သော်လည်းအသေစောလို့နှမြောလှရဲ့ ဟုမပြောဖြစ်၊အသေစောမည့်လမ်းကိုသူ့ဘာသာသူရွေးချယ်သွား
ခြင်းဖြစ်သည်။ကောင်းရာသုဂတိလားပါစေ ဟုလည်းဆုမတောင်းပေးဖြစ်ခဲ့၊ထိုမိတ်ဆွေမသေခင်ကပြုသော
ကိစ္စသည်(အရက်သောက်ခြင်း)ကောင်းရာသုဂတိလားစေနိုင်သောကိစ္စမဟုတ်၊ကျန်ရစ်သူမိသားစုအတွက်
သာစိတ်မကောင်းဖြစ်မိသည်။
အရက်မူးလွန်ပြီး လမ်းဘေးရေမြောင်းထဲကျသေသူ၊အရက်သောက်ပြီးပန်ကာဖွင့်
အိပ်မိသဖြင့်၊ပူအိုက်သည်ဟုဆိုကာရေဆိုအ၀တ်နှင့်အိပ်မိသဖြင့် လေဖြတ်သေသူ စသဖြင့်ခဏခဏကြား
ဖူးသည်။လေ့လာမိသလောက်အားလုံးအရွယ်ကောင်းတွေ၊
အသောက်အစားကင်းကာ ဘာသာရေးဘက်တွင်သာပျော်မွေ့သော သူငယ်ချင်း
တစ်ယောက်က ပြောဖူးသည်၊
`တစ်ကယ်တော့ အရက်သောက် တဲ့သူတွေဟာ မအိုဆေး သောက်နေတဲ့သူတွေပဲ´
`ဟုတ်တယ်လေ အရက်ကိုစွဲစွဲမြဲမြဲ သောက်တဲ့သူမှန်သမျှ အသက်သုံးလေးငါးဆယ် လောက်နဲ့ကိစ္စတုံး
သွားတာပဲ´`အိုတဲ့အထိနေသွားရတဲ့အရက်သမား ငါမတွေ့ဖူးဘူး´
အစကတော့ မာတလိဒီအကြောင်းရေးဖို့စိတ်ကူးမရှိ၊ဒါပေမယ့်အရက်ဆိုင်များတွင်
ညီအရွယ်လူငယ်များကို တွေ့တွေ့နေရသဖြင့် စိတ်ကူးပေါက်ကာရေးမိခြင်းဖြစ်သည်၊မဆိုင်သလိုနေလိုက်
လျှင်ရသော်လည်း.....................
်စာရေးကောင်းသော သူငယ်ချင်းများရှိပါသည်၊ထိုသူငယ်ချင်းများမှအရက်သေစာ
သောက်သုံးခြင်းနှင့်ပတ်သတ်သော blog post တင်ပေးကြပါဟု.............

တီဗွီ မှာကြည့်ဘူးသလိုနှင်းတွေတဖွဲဖွဲ ကျမနေပေမယ့်တစ်ဆောင်းသစ်ပြန်ပြီဆိုတာကတော့
သိပ်ကိုသေချာပါတယ် အဲဒို.....။တစ်လလည်းကြိုမပြော...သတင်းစာထဲလည်းကြေငြာမထည့်..
ဖြတ်စာလည်းမပေး....အတည်ပေါက်ကြီးနဲ့ နင်ငါ့ကိုထားသွားခဲ့တာ သုံးနှစ်တောင်ရှိခဲ့ပြီပဲ အဲဒို ။
လေးဖြူ ရဲ့ စာမျက်နှာ၁၅ သီချင်းကိုအားပါးတ၇အော်ဆိုပြီးလွမ်းခြင်ပေမယ့် အိမ်နီးနားခြင်းတွေကို
အားနာလို့ ဒီစာစု နဲ့ပဲလွမ်းတတ်သလို...လွမ်းကြည့်လိုက်တယ်....အဲဒိုရေ.....
ရင်ထဲကအမှိုက်တွေကိုရှင်းလိုက်တဲ့သဘောပါ.........
မိုးတွေရွာ၇င်အရမ်းသတိ၇တာပဲလို့ နင်ပြောဖူးတာမှတ်မိသေး၇ဲ့လား........
အဲဒီစကားကိုကြားရတုန်းက လက်ထဲကခေါက်ဆွဲကြော်ထုပ်ကြီး ခွေးဆွဲသွားတာတောင် ခဲနဲ့
လိုက်ထုဖို့ သတိမ၇ ကြည်နူးနေခဲ့မိတယ်။အခုပြန်စဉ်းစားမိတော့မှ မိုးမရွာတဲ့နေ့ဆိုလုံးဝသတိမ၇
ဘူးလို့သွယ်ဝိုက်ပြောခဲ့တာပါလားဆိုတာ သိခဲ့ရပါပြီ အဲဒိုေ၇......
အမျိုးတွေကိုအ၇မ်းချစ်တတ်ကာကွယ်ပေးတတ်တဲ့ အဲဒိုရေ....
နင့်အဒေါ်တွေပြောမှားဆိုမှားရှိတိုင်း အန်တီတို့က စိတ်ထဲက ပါလို့မဟုတ်ပါဘူး ပါးစပ်ကသာ
ပြောတာပါလို့ အမြဲကာကွယ်ပေးနေကြနော်...ဒါနဲ့ငါလည်းနားကြားပြင်းကတ် လာလို့..............
စိတ်ထဲကမပါပဲပြောတာဆိုတော့လိမ်တာနဲ့အတူတူပဲ ဒါဆိုနင့်အဒေါ်တွေက လူလိမ်တွေပေါ့လို့ပြော
မိလို့နင်အရမ်းစိတ်ဆိုးသွားတာကိုမှတ်မိပါသေးရဲ့ ...အဲဒိုေ၇..........
ညကအိပ်မက် မက်တယ်အဲဒို......
အိပ်မက်ထဲမှာ စုတ်ပြတ်သတ်နေတဲ့ မီးခွက်လေးတစ်လုံးကောက်ရတယ်။
လက်နဲ့ပွတ်ကြည့်မိတော့ ၀ုန်း ဆိုတာယာမီးရှို့ တဲ့အနံ့တွေမွှန်ထူသွားပြီးအသားမည်းမည်း၇ုပ်
ဆိုးဆိုး ငတိ တစ်ကောင်ပေါ်လာတယ်။ဒါနဲ့ ငါကမီးခွက်စောင့် ဘီလူးလား..........ငါ့ကိုအဲဒိုဆီပို့ပေး
......ပြောလိုက်တော့.......အဲဒီငတိက ငိုကြီးချက်မနဲ့.....အစကတော့မီးခွက်စောင့်ဘီလူးပါပဲ.....
အာလာဒင် ဆိုတဲ့ကုလားနဲ့ပေါင်းမိလို့အထက်လူကြီးကမကျေနပ်လို့ ရာထူးချထားလို့...............
အခုမီးခွက်စောင့်သူရဲဖြစ်နေတယ် ပါဝါမရှိတော့လို့ ကိုယ့်အားကိုယ်ကိုး လိုင်းကားတိုးပါတော့အရှင်
.......အဲဒီလိုပြောပြီး....ပျောက်သွားတယ်။ငါ့ဘ၀က အိပ်မက်ထဲမှာတောင်နင်နဲ့ဝေးနေတုန်းပါလား
အဲဒိုေ၇........
နင်နဲ့နီးစပ်ဖို့ဆိုတာဒီဘ၀မှာတော့လက်လျော့လိုက်ပါပြီ....
နောက်ဘ၀ဆိုတာရှိခဲ့ရင်.....................................
နောက်ထပ်မဆုံခြင်တော့ပါဘူး အဲဒိုေ၇...........................ဒီဘ၀မှာနင့်ကိုမျှော်နေမိတာ........
အခုတော့အသက်ကြီးသွားဟိုင်းသွားပြီ။ရွယ်တူကောင်မလေးတွေလည်းအိမ်ထောင်ကျကုန်လို့......
ကလေးတောင်ရကုန်ကြပြီ။ချစ်မဲ့ကြိုက်မဲ့သူမရှိတော့လို့ လူပျိုကြီးမလုပ်ချင်ပဲလုပ်ရတော့မယ်။
အ၇မ်းစိတ်နာတာပဲအဲဒိုရေ............................................................
နှုတ်ဆက်လိုက်ပါတယ် အဲဒိုရေ။နင်အခုဒီစာကိုဖတ်နေချိန်မှာ..........
ငါဟာအိမ်မှာမရှိတော့ပါဘူး...............................................
person.com ထဲဝင်ပြီး chatting ထိုင်ဖို့အတွက် ၇/၈လမ်းဆုံကအင်တာနက်ဆိုင်ကိုထွက်
သွားခဲ့ပါပြီ။b>သိပ်ချစ်ခဲ့ပေမယ့်အကြောင်းအမျိုးမျိုးပြပြီးလမ်းခွဲသွားသောချစ်သူအတွက်
b>

တကယ်လို့
သူ့အပေါ် ယုံမှတ်
ပုံအပ်ခဲ့သမျှ
အချစ်တွေအားလုံး......
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ကုန်ဆုံး
ငါသုံးခဲ့သမျှ
အချိန်တွေ အားလုံး....
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ပူဆွေး
ငိုကြွေးခဲ့သမျှ
မျက်ရည်စ တွေအတွက်.....
ပြန်တောင်းလို့ရမယ်ဆိုရင်....
တကယ်လို့
ချစ်သူက ကလေး ဘ၀ကလို
ပေးပြီးသားကိုပြန်တောင်းတယ်
မျက်စိ စွံလိမ့်မယ်လို့
စကားနာ မထိုးခဲ့ဘူးဆိုရင်......
သူ့အပေါ် ယုံမှတ်
ပုံအပ်ခဲ့သမျှ
အချစ်တွေအားလုံး......
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ကုန်ဆုံး
ငါသုံးခဲ့သမျှ
အချိန်တွေ အားလုံး....
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ပူဆွေး
ငိုကြွေးခဲ့သမျှ
မျက်ရည်စ တွေအတွက်.....
ပြန်တောင်းလို့ရမယ်ဆိုရင်....
တကယ်လို့
ချစ်သူက ကလေး ဘ၀ကလို
ပေးပြီးသားကိုပြန်တောင်းတယ်
မျက်စိ စွံလိမ့်မယ်လို့
စကားနာ မထိုးခဲ့ဘူးဆိုရင်......
တကယ်လို့
သူ့အပေါ် ယုံမှတ်
ပုံအပ်ခဲ့သမျှ
အချစ်တွေအားလုံး......
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ကုန်ဆုံး
ငါသုံးခဲ့သမျှ
အချိန်တွေ အားလုံး....
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ပူဆွေး
ငိုကြွေးခဲ့သမျှ
မျက်ရည်စ တွေအတွက်.....
ပြန်တောင်းလို့ရမယ်ဆိုရင်....
တကယ်လို့
ချစ်သူက ကလေး ဘ၀ကလို
ပေးပြီးသားကိုပြန်တောင်းတယ်
မျက်စိ စွံလိမ့်မယ်လို့
စကားနာ မထိုးခဲ့ဘူးဆိုရင်......
သူ့အပေါ် ယုံမှတ်
ပုံအပ်ခဲ့သမျှ
အချစ်တွေအားလုံး......
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ကုန်ဆုံး
ငါသုံးခဲ့သမျှ
အချိန်တွေ အားလုံး....
ပြန်တောင်းလို့ ရမယ်ဆိုရင်.....
တကယ်လို့
သူ့အတွက် ပူဆွေး
ငိုကြွေးခဲ့သမျှ
မျက်ရည်စ တွေအတွက်.....
ပြန်တောင်းလို့ရမယ်ဆိုရင်....
တကယ်လို့
ချစ်သူက ကလေး ဘ၀ကလို
ပေးပြီးသားကိုပြန်တောင်းတယ်
မျက်စိ စွံလိမ့်မယ်လို့
စကားနာ မထိုးခဲ့ဘူးဆိုရင်......
prevnextfirstlast 12